Terms and Conditions

အကျိုးခံစားခွင့်များ (တစ်ယူနစ်အတွက်)

(၁) သေဆုံးခြင်း ၁၀ သိန်း
(၂) ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်း ၁၀ သိန်း
(၃) မျက်စေ့တစ်ဖက်လုံးဝကွယ်ခြင်း ၅ သိန်း
(၄) လက်တစ်ဖက်လုံးဝပြတ်ခြင်း ၅ သိန်း
(၅) ခြေတစ်ဖက်လုံးဝပြတ်ခြင်း ၅ သိန်း
(၆) လက်တစ်ဖက်လုံးဝကျိုးခြင်း ၂ သိန်း
(၇) ခြေတစ်ဖက်လုံးဝကျိုးခြင်း ၂ သိန်း
(၈) နားတစ်ဖက်လုံးဝပင်းခြင်း ၂ သိန်း
(၉) ဆေးရုံတက်ရခြင်း (တစ်ပတ်) ၁၀၀၀၀ိ/- (၅၂ ပတ်ထိသာ)

  (က) အထက်ဖော်ပြပါ ဒဏ်ရာများတွင် အကျုံးမဝင်သော အခြားဒဏ်ရာများရပါက အထက်ဖော်ပြပါ အကျိုးခံစားခွင့်နှုန်းထားများကို အခြေခံ၍ အကျိုးခံစားခွင့်ကို သတ်မှတ်မည်။

  (ခ) အာမခံထားသူတစ်ဦး ဒဏ်ရာများရခြင်းကြောင့် ပေးချေရမည့် အကျိုးခံစားခွင့် စုစုပေါင်းသည် မိမိဝယ်ယူထားသော အာမခံအကာအကွယ် ထက် မပိုစေရ။

စည်းမျဉ်းများ

(၁) အသက် ၁၀ နှစ် မှ ၆၀ အတွင်းရှိသူ အားကစားသမားသာ ဤအာမခံကို ထားရှိနိုင်ပါသည်။

(၂) အာမခံထားရှိသော အားကစားသမားသည် အာမခံသက်တမ်းအတွင်း အားကစားရုံ (သို့) အားကစားကွင်းအတွင်း အားကစားလေ့ကျင့်နေစဉ်ဖြစ်စေ၊ အားကစားယှဉ်ပြိုင်နေစဉ်ဖြစ်စေ မတော်တဆထိခိုက်မိပါက အထက်ဖော်ပြပါ အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်ပါသည်။

(၃) အာမခံထားရှိသော အားကစားသမားက မိမိကိုယ်တွင်ထိခိုက်မှုဖြစ်အောင် တမင်တကာဆောင်ရွက်ခြင်းကြောင့်ဖြစ်ပေါ်လာသော ထိခိုက်မှုမှာ ဤအာမခံတွင် အကျုံးမဝင်ပါ။

(၄) ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် (သို့မဟုတ်) မူးယစ်ဆေးဝါး (သို့မဟုတ်) အရက်သေစာသောက်စားခြင်းကြောင့် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝှိုက်၍သော်လည်းကောင်း ဆက်နွယ်ဖြစ်ပေါ်လာသော ထိခိုက်မှုမှာ ဤအာမခံတွင် အကျုံးမဝင်ပါ။

(၅) လက်ဝှေ့၊ ဂျူဒို၊ ကရာတေး၊ သိုင်း စသော အားကစားသမားများအနေဖြင့် သာမန် ဖူးယောင်ပွန်းပဲ့ခြင်းများ အတွက် အကျုံးမဝင်ပါ။

(၆) အာမခံသက်တမ်းအတွင်းလျော်ကြေးရရှိပြီးပါက အားကစားသမား ကိုယ်အင်္ဂါထိခိုက်မှု အာမခံအသစ် ထပ်မံထားရမည်။