အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ
အားကစားသမားများ လေ့ကျင့်နေစဉ်နှင့် ပြိုင်ပွဲဝင်နေစဉ်အတွင်း ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းများအတွက် လျော်ကြေးအထောက်အပံ့ ပေးမည့် အာမခံအမျိုးအစားဖြစ်ပါသည်။
အာမခံထားနိုင်သည့်သူများ | - အသက်(၁၀)နှစ် မှ (၆၀)နှစ်အတွင်းရှိသော အားကစားသမားများ |
အာမခံသက်တမ်း | - (၁) နှစ် |
အာမခံထားငွေ | - (၁)ယူနစ်လျှင် အာမခံထားငွေကျပ်(၁၀)သိန်း (အများဆုံး(၅)ယူနစ်အထိဝယ်ယူနိုင်ပါသည်။) |
ပရီမီယံနှုန်း | - (၁) ယူနစ်လျှင် ပရီမီယံ ကျပ် (၅၀၀၀) |
အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ ဝယ်ယူထားသော အားကစားသမားများ ပြည်ပတိုင်းပြည်သို့သွားရောက်ယှဉ်ပြိုင်ရပါက ရက်တို (၇)ရက် ခရီးစဉ် အတွက်ကျပ်(၅၀၀)၊ (၁)လ ခရီးစဉ်အတွက်ကျပ် (၁၀၀၀) ထပ်မံပေးဆောင်ရပါမည်။
အကျိုးခံစားခွင့်များမှာ
ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ အတွက် (၁)ယူနစ်လျှင် အောက်ပါအတိုင်းပေးလျော်ပါမည်။
Kyats | |
(၁) သေဆုံးခြင်း | ကျပ် (၁၀) သိန်း |
(၂) ထာဝစဉ်မသန်စွမ်းခြင်း | ကျပ် (၁၀) သိန်း |
(၃) မျက်စိတစ်ဖက်လုံးဝကွယ်ခြင်း | ကျပ် (၅) သိန်း |
(၄) လက်တစ်ဖက်လုံးဝပြတ်ခြင်း | ကျပ် (၅) သိန်း |
(၅) ခြေတစ်ဖက်လုံးဝပြတ်ခြင်း | ကျပ် (၅) သိန်း |
(၆) လက်တစ်ဖက်လုံးဝကျိုးခြင်း | ကျပ် (၂) သိန်း |
(၇) ခြေတစ်ဖက်လုံးဝကျိုးခြင်း | ကျပ် (၂) သိန်း |
(၈) နားတစ်ဖက်လုံးဝပင်းခြင်း | ကျပ် (၂) သိန်း |
(၉) ဆေးရုံတက်ရခြင်း (တစ်ပတ်) | ကျပ် (၁) သောင်း (၅၂) ပတ်အထိသာ |
သက်တမ်းအတွင်း လျော်ကြေးတစ်ကြိမ်တောင်းခံပြီးပါက အာမခံအသစ်ထပ်မံထားရှိရပါမည်။ |
စည်းကမ်းချက်များ
မိမိကိုယ်ကို ထိခိုက်အောင် တမင်ပြုလုပ်ခြင်း၊ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါး၊ အရက်သေစာ သောက်စားခြင်းကြောင့် ရရှိသော ထိခိုက်မှုများနှင့် လက်ဝှေ့၊ ဂျူဒို၊ ကာရာတေး၊ သိုင်းစသော အားကစားသမားများ သာမန်ဖူးယောင်ပွန်းပဲ့ခြင်းအတွက် အကာအကွယ် မရရှိနိုင်ပါ။
အာမခံထားရှိလိုပါက
အာမခံထားရှိလိုပါက FNI ရုံးချုပ်၊ ရုံးခွဲများသို့လည်းကောင်း FNI နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စားလှယ်များသို့ လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။