Terms and Conditions

အသက်အာမခံအခွင့်အရေးများနှင့် စည်းမျဉ်းများ
ပရီမီယံပေးသွင်းခြင်း
၁။ ပရီမီယံကို (၁) နှစ်တစ်ကြိမ် (သို့မဟုတ်) (၆) လတစ်ကြိမ် (သို့မဟုတ်) (၃) လတစ်ကြိမ် ပေးသွင်း လျှငပေးသွင်း ရမည့်ရက်စေ့ရောက်ပြီး
  အပိုရက်ပေါင်း (၃ဝ) အတွင်း၊လစဉ်ပေးသွင်းလျှင် ပေးသွင်းရမည့် ရက်စေ့ရောက်ပြီးအပို (၁၅) ရက်အတွင်း ပေးသွင်းနိုင်သည်။
  အဆိုပါကုန်ဆုံးရက်များသည် အစိုးရရုံးပိတ်ရက် (သို့မဟုတ်) ဘဏ်ပိတ်ရက်ဖြစ်ပါက အစိုးရရုံး (သို့မဟုတ်)
  ဘဏ်ဖွင့်သောပထမရက်တွင်ပရီမီယံကိုပေးသွင်းရမည်။ အပိုရက်များအတွင်းအသက်အာမခံထားသူကွယ်လွန်ခဲ့သော
  ထိုပေါ်လစီနှစအတွင်း ပေးရန်ကျန်ရှိသောပရီမီယံအရစ်ကျငွေများကိုလျော်ကြေးမှ နှုတ်ယူမည်။
ပျက်သည့်ပေါ်လစီပြန်လည်တည်မြဲရေး
၂။ အပိုရက်များအတွင်းပရီမီယံမပေးသွင်းခဲ့သော် ပေါ်လစီပျက်သည်။ ပျက်သည့်ပေါ်လစီကို ပြန်လည်တည်မြဲနိုင်ရနအာမခံ စသောနေ့မှ  
  (၃) နှစ် တစ်ဆက်တည်းပရီမီယံမပေးသွင်းရသေးသည့် တစ်ဆက်တည်းပရီမီယံမပေးသွင်းရသေးသည့်ပေါ်လစီကို
  ပရီမီယံပေးသွင်းရမည့်ရက်မှ (၁၂) လ အတွင်း သော် လည်းကောင်း၊ (၃) နှစ်အတွက် ပရီမီယံပေးသွင်းပြီးသောပေါ်လစီကို
  (၂၄) လအတွင်းသော်လည်းကောင်းတည်မြဲစေရန် အောက်ပါ အတိုင်းဆောင်ရွက်ရမည်။
  (က) (၁၂) လအတွင်း ပြန်လည်တည်မြဲမည်ဆိုလျှင် မိမိကိုယ်တိုင်ကျန်းမာကြောင်းခံဝန်ချက်နှင့်တကွ ပေးသွင်း ရမည့်
    ပရီမီယံစုစုပေါင်းနှင့် တစ်နှစ်လျှင် ၆.၂၅ ရာခိုင်နှုန်းအတိုးကိုပါပေးသွင်းရမည်။
  (ခ) (၂၄) လအတွင်း ပြန်လည်တည်မြဲမည်ဆိုလျှင် မိမိစရိတ်ဖြင့် ဆေးစစ်ခံပြီးအသက်အာမခံဆက်လက်ထားရှိရန
    ဆေး စစ် အောင်မြင်ပါကပေးသွင်းရမည့် ပရီမီယံစုစုပေါင်းနှင့် တစ်နှစ်လျှင်၆.၂၅ ရာခိုင်နှုန်းအတိုးကိုပါပေးသွင်းရမည်။
အမ်းငွေရသင့်တန်ဖိုး
၃။ သက်တမ်း (၅) နှစ်မှ (၁၂) နှစ်အထိပေါ်လစီများအတွက် (၂) နှစ်သက်တမ်း၊ (၁၃) နှစ်နှင့်အထက် ပေါ်လစီများအတွက် 
  (၃) နှစ်တစ်ဆက်တည်းပရီမီယံပေးသွင်းပြီးပါကအမ်းငွေရသင့်တန်ဖိုးရရှိနိုင်သည်။ ထိုတန်ဖိုးသည် ဇယား(၁) ပေါ်လစီများအတွက
  ပထမနှစ်ပရီမီယံကိုနှုတ်၍ ကျန်ပေးသွင်းပြီးပရီမီယံများ၏အနည်းဆုံးရာခိုင်နှုန်း(၃ဝ) ဖြစ်သည်။ ဇယား (၈) ပေါ်လစီများအတွက် ပေးသွင်းပြီးပရီမီယံများ၏
  ရာခိုင်နှုန်း (၈ဝ) ဖြစ်သည်။ ဇယား (၈) ဖြင့် အသက်အာမခံထာရှိသောပြည်သူ့ဝန်ထမ်းတစ်ဦးသညပြည်သူ့ဝန်ထမ်းမဟုတ်တော့သည့်အခါမှသာ
  အမ်းငွေရသင့်တန်ဖိုးကိုထုတ်ယူနိုင်သည်။ ပရီမီယံကိုတစ်နှစ်တစ်ကြိမ်ပေးသွင်းခြင်းမဟုတ်လျှင
  တစ်နှစ်အတွက် ပေးသွင်းရမည့်ပရီမီယံကိုဖြည့်၍ ပေးသွင်းနိုင်သည်။