Marine Cargo Insurance

စည်းကမ်းချက်များ

၁။ သယ်ဆောင်သောရေယာဉ်သည် သဘာဝဘေးအန္တရာယ်ကြောင့် လုံးဝ နစ်မြုပ်ဆုံးရှုံးသဖြင့် အာမခံထားသော ကုန်ပစ္စည်းများ ဆုံးရှုံးပေါ်ပေါက်မှသာ လျော်ကြေးအကြုံးဝင်မည်ဖြစ်ပါသည်။

၂။ ဆုံးရှုံးမှုပေါ်ပေါက်ပါက FNI  သို့ဖြစ်စေ၊ နီးစပ်ရာ FNI ရုံးခွဲသို့ဖြစ်စေ ဆုံးရှုံးမှု ပေါ်ပေါက်သည့်နေ့မှ (၃) ရက်အတွင်း အကြောင်းကြားရမည်။

၃။ သက်တမ်းအကြုံးဝင်သော လိုင်စင်ရှိသည့် ရေယာဉ်ဖြင့် သယ်ဆောင်မှသာ လျော်ကြေးကို ပေါ်လစီစည်းကမ်းချက်များ နှင့် အညီထုတ်ပေးမည်ဖြစ်ပါသည်။

၎။ ရေယာဉ်တွင် သတ်မှတ်အလေးချိန်ထက် ပိုမိုတင်ဆောင်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများအတွက် FNI မှ တာဝန်မယူပါ။

၅။ ပရီမီယံနှင့် အတူ တံဆိပ်ခေါင်းဖိုးကိုပါ တစ်ပါတည်းပေးဆောင်ရမည်။

၆။ ပေးသွင်းပြီး ပရီမီယံကို ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။

၇။ အဆိုပြုလွှာတွင် ဖော်ပြချက်များ မမှန်ကန်ပါက FNI တွင်တာဝန်မရှိပါ။

၈။ ပြင်ဆင်ချက် တစ်စုံတစ်ရာရှိပါက အဆိုလွှာတွင်ဖော်ပြခဲ့သော အာမခံသက်တမ်း မစမီ FNI သို့ ကြိုတင် အကြောင်းကြားရပါမည်။

၉။ အာမခံထားသူသည် အာမခံထားသော ပစ္စည်းပေါ်တွင် အာမခံမထားသကဲ့သို့ သဘောထားရမည်ဖြစ်ရာ ဆုံးရှုံးမှု နှင့် ကြုံတွေ့ပါက ဆယ်တင်မှုကို ချက်ချင်းပြုလုပ်ရန်။

၁၀။ ပရီမီယံကို ပိုင်ရှင်ကိုယ်တိုင် (သို့မဟုတ်) ပိုင်ရှင်၏ တရားဝင် ကိုယ်စားလှယ်က ပေးသွင်းရန်ဖြစ်သည်။

၁၁။ လုပ်ငန်းလိုင်စင်တင်ပြနိုင်ခြင်းမရှိပါက လျော်ကြေးကိစ္စပေါ်ပေါက်ခဲ့လျှင် ကုန်ပစ္စည်းတန်ဘိုး အရင်း အရင်းပေါ်မှ ၂၀% နှုတ်ဖြတ်ပေးချေရမည်ဖြစ်ကြောင်း သိရှိသဘောတူပါသည်။

 

ကိုယ်စားလှယ်လက်မှတ် ………………………………… ပိုင်ရှင်လက်မှတ် ………………………………
       
အမည် ………………………………… အမည် ………………………………
       
    မှတ်ပုံတင်အမှတ် ………………………………