Highway Travel Insurance

အထူးခရီးသွားအာမခံ

            အဝေးပြေးအမြန်လမ်းမကြီးပေါ်တွင် မော်တော်ယာဉ်များအသုံးပြု၍​ ခရီးသွားကြသော ခရီးသည်များအတွက် ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းများအတွက် အထောက်အပံ့ပေးမည့် အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံထားငွေ - (၁)ယူနစ်လျှင် ကျပ်သိန်း(၃၀) (၂ယူနစ်အထိ ဝယ်ယူနိုင်ပါသည်။)
အာမခံသက်တမ်း - ခရီးစဉ်စတင်ချိန် မှ ၂၄ နာရီ
   

 

အထူးခရီးသွားအာမခံအကျိုးခံစားခွင့်များမှာ

(၁)     အာမခံထားငွေ(၁)ယူနစ်အတွက် ပရီမီယံကျပ်(၃၀၀) ပေးသွင်းထားသော ခရီးသည်တစ်ဦးသေဆုံးခြင်းအတွက် ကျပ်သိန်း(၃၀) ခံစားခွင့်ရရှိပါသည်။

(၂)     ထိခိုက်ဒဏ်ရာရခြင်းအတွက် ဒဏ်ရာအခြေအနေအပေါ်မူတည်၍ သတ်မှတ်ထားသော နှုန်းများအလိုက် အမြင့်ဆုံး(၂၄)သိန်းအထိခံစားခွင့် ရရှိပါမည်။

အထူးခရီးသွားအာမခံထားရန်လိုအပ်သောအချက်များမှာ

အဝေးပြေးယာဉ်လိုင်းများ - ယာဉ်အမှတ်၊ Seat Plan နှင့် လူဦးရေစာရင်း၊ အမည်စာရင်းနှင့် မှတ်ပုံတင်အမှတ်များ၊ သွားရောက်ရမည့်ခရီးစဉ် နှင့် ထွက်ခွာချိန်
ကိုယ်ပိုင်ယာဉ်များ - ယာဉ်အမှတ်၊ လိုက်ပါမည့်သူစာရင်းနှင့် မှတ်ပုံတင်အမှတ်များ၊ အကျိုးခံစားခွင့် လွှဲအပ်ခြင်းခံရသူအမည်နှင့် မှတ်ပုံတင်အမှတ်၊ သွားရောက်ရမည့်ခရီးစဉ်နှင့်
ထွက်ခွာချိန်
 

 ခရီးစဉ်အစမှအဆုံးအထိခရီးသည်များ ယာဉ်စီးနင်းလိုက်ပါစဉ် ယာဉ်ထိခိုက်မှုကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းများအတွက်သာ လျော်ကြေးအထောက်အပံ့ ရရှိပါမည်။

 

လျော်ကြေးတောင်းခံရာတွင် လိုအပ်သောအချက်များ

ဒဏ်ရာရလျှင် - သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ထောက်ခံချက် ဖြစ်ပွားရာဒေသမှ ပြည့်သူ့ရဲတပ်ဖွဲ့ထောက်ခံချက်
ဖြစ်ပွားရာဒေသမှ ပြည့်သူ့ရဲတပ်ဖွဲ့ထောက်ခံချက်
တောင်းခံသူ (ကာယကံရှင်ကိုယ်တိုင်) ၏ နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူမှန် ခရီးသွားအာမခံထားရှိကြောင်း အထောက်အထား
 
 
သေဆုံးလျှင် -    သေစာရင်းမိတ္တူမှန်
  - သေဆုံးသူနှင့် အကျိုးခံစားခွင့်တောင်းခံသူတို့ပါဝင်သည့် အိမ်ထောင်စုစာရင်းမိတ္တူမှန်
  - တောင်းခံသူသည် သေဆုံးသူ၏ အကျိုးခံစားခွင့်ရှိသူ မှန်ကန်ကြောင်း နေထိုင်ရာဒေသအာဏာပိုင် အဖွဲ့အစည်း၏ ထောက်ခံချက်