Terms and Conditions

ကျန်းမာရေးအာမခံအကျိုးခံစားခွင့်ရရှိနိုင်မှု

စဉ် အာမခံအကာအကွယ် အာမခံအကျိုးခံစားခွင့် အကျိုးခံစားခွင့်ငွေ
၁။    အခြေခံအာမခံအကာအကွယ်(အခြေခံယူနစ်)   - ရောဂါကြောင့်ဆေးရုံတက်ကုသခြင်း။
  - မတော်တဆမှုကြောင့်ဆေးရုံတက်ကုသခြင်း
  - ဆေးရုံတက်ရက်(၁)ရက်အတွက် ကျပ်(၂၀,၀၀၀)
 နှင့်တစ်နှစ်အတွက်အများဆုံးရက်ပေါင်း (၆၀) အထိ။
 
    - မတော်တဆမှုကြောင့်သေဆုံးခြင်း။   -ကျပ် ၂,၀၀၀,၀၀၀
    - ရောဂါကြောင့်သေဆုံးခြင်း။
  - ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
  -ကျပ် ၁,၀၀၀,၀၀၀
  -ကျပ် ၁,၀၀၀,၀၀၀
 
၂။    အခြေခံအာမခံအကာအကွယ်
   (ထပ်ပေါင်းယူနစ်) တစ်ယူနစ်
  - ရောဂါကြောင့်ဆေးရုံတက်ကုသခြင်း။
  - မတော်တဆမှုကြောင့်ဆေးရုံတက်ကုသခြင်း
  - ဆေးရုံတက်ရက်(၁)ရက်အတွက် ကျပ်(၁၀,၀၀၀)
  နှင့်တစ်နှစ်အတွက်အများဆုံးရက်ပေါင်း (၆၀) အထိ။
    - မတော်တဆမှုကြောင့်သေဆုံးခြင်း။
  - ရောဂါကြောင့်သေဆုံးခြင်း။
  - ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
  -ကျပ် ၁,၀၀၀,၀၀၀
  -ကျပ် ၁,၀၀၀,၀၀၀
  -ကျပ် ၁,၀၀၀,၀၀၀
 
 
၃။ ရွေးချယ်နိုင်သည့် အာမခံ   -ခွဲစိတ်ကုသခြင်း ။(တစ်ကိုယ်လုံးမေ့ဆေး (သို့)
  ကိုယ်တပိုင်းထုံဆေးဖြင့်ခွဲစိတ်ကုသမှု
  -ခွဲစိတ်ကုသမှုအတွက်အမှန်တကယ်တိုက်ရိုက်ကုန်
ကျစရိတ်။(အနည်းဆုံး၅သိန်းကျပ်)
  အကာအကွယ် (၁)တစ်ယူနစ်
      - ကိုယ်ဝန်ပျက်ကျခြင်း။   - ဝယ်ယူထားသည့် ယူနစ် နှင့် မဆိုင်ပဲ ကျပ် (၃) သိန်း။
      ခွဲစိတ်ကုသခြင်းနှင့်ကိုယ်ဝန်ပျက်ကျခြင်းဖြစ်ပေါ်ပါက
ပေါ်ပါက (၂)ခုပေါင်းအတွက်ကျပ်(၅)သိန်းအထိ။
   
၎။ ရွေးချယ်နိုင်သည့်အာမခံအကာ အကွယ်
(၂) တစ်ယူနစ်
  - ပြင်းထန်သောရောဂါများကုသခြင်း။
 (ကင်ဆာဖြစ်သောအလုံးအကျိတ်
 ရုတ်တရက်ဖြစ်သောနှလုံးသွေကြောပိတ်
ရောဂါ၊ လေဖြတ်ခြင်း)
  - ကျပ် ၁,၀၀၀,၀၀၀
 
 
 

 

လျော်ကြေးမဲ့ဆု
အာမခံထားသည့်နှစ်အတွင်းလျော်ကြေး (သို့) အကျိုးခံစားခွင့်တောင်းခံခဲ့ခြင်းမရှိပါကယခင်နှစ်ကျသင့်ပရီမီယံ၏ (၁၀%) ကိုသက်တမ်းဆက်သည့်အခါ လျော်ကြေးမဲ့ဆုအဖြစ် လျော့နှုန်းရရှိမည်ဖြစ်ပါသည်။
ကျန်းမာရေးအာမခံအကျိုးခံစားခွင့်အကျုံးမ၀င်သည့်အချက်များ
   

ကျန်းမာရေးအာမခံအကျိုးခံစားခွင့်အကျုံးမ၀င်သည့်အချက်များ

(၁) ဆေးကုသမှုခံယူနေခြင်း၊ဆေးကုသရန် ဆရာဝန်၏ထောက်ခံချက်ရရှိထားခြင်း၊ ရောဂါလက္ခဏာရှိပြီးသားဖြစ်နေခြင်း။
(၂) သားဖွားခြင်း၊ဗိုက်ခွဲမွေးခြင်း၊ မီးဖွားခြင်းနှင့်ဆိုင်သောခွဲစိတ်ကုသမှု။
  သို့သော်အာမခံထားပြီးနောက်ကိုယ်ဝန်နှင့်အာမခံထားချိန်တွင်ပုံမှန်ဖြစ်နေသောကိုယ်ဝန်ကြောင့်ဖြစ်လာသည့်တွဲဖက်ရောဂါများ (ကိုယ်ဝန်စိတ်သင့်ခြင်း၊ဆိပ်သင့်ခြင်း၊
  ကိုယ်ဝန်ဆောင်သွေးတိုးရောဂါနှင့်ကိုယ်ဝန်ဆောင်ဆီးရောဂါ) စသည်တို့ ကြောင့် ဆေးရုံး တက်ခြင်းနှင့် ခွဲစိတ်ကုသခြင်းသည် အကျိုးခံစားခွင့်ပေးချေရန်အကျုံးဝင်သည်။
  ထို့အပြင်ရွေးချယ်နိုင်သည့် ကျန်းမာရေးအာမခံအကာအကွယ် (၁) ကို ဝယ်ယူထားပါက အကျိုးခံစာခွင့်ပေးချေးရန် အကျုံးဝင်သည်။
(၃) စိတ်ပေါ့သွပ်ခြင်း၊ စိတ်ရောဂါဝေဒနာများကြောင့်ဖြစ်ခြင်း။
(၄) ရောဂါရှာဖွေစစ်ဆေးရန် ဆေးရုံတက်ရခြင်း၊ အနားယူအားမွေးရန် ဆေးရုံတက်ရခြင်း။
(၅) သားသမီးရလိုမှုဖြင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်း။
(၆) မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သောသွားနှင့်ပတ်သက်သည့် ကုသမှုအတွက်ဖြစ်ခြင်း။
(၇) မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သောမျက်မှန်အပါအဝင်၊ မျက်စိစမ်းသပ်ခြင်း၊ ခင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိကုသခြင်း၊
  အမြင်အာရုံကောင်းမွန်လာအောင်ပြုပြင်ရန်ဖြစ်ခြင်း။
(၈) အလှအပအတွက်ဖြစ်ခြင်း။
(၉) နားကြားကိရိယာတပ်ဆင်ရန်အတွက် ဖြစ်ခြင်း။
(၁၀) မွေးရာပါပုံမှန်မဟုတ်ခြင်း။
(၁၁) မူးယစ်ဆေ၀ါးသုံးစွဲခြင်း။
(၁၂) ကိုယ်တိုင်ရာဇ၀တ်မှုကျူးလွန်ခြင်း။   
(၁၃) AIDS/HIV ဖြစ်ခြင်း။