Terms and Conditions

အသက်အာမခံအခွင့်အရေးများနှင့် စည်းမျဉ်းများ
ပရီမီယံပေးသွင်းခြင်း
၁။ ပရီမီယံကို (၁) နှစ်တစ်ကြိမ် (သို့မဟုတ်) (၆) လတစ်ကြိမ် (သို့မဟုတ်) (၃) လတစ်ကြိမ် ပေးသွင်း လျှငပေးသွင်း ရမည့်ရက်စေ့ရောက်ပြီး
  အပိုရက်ပေါင်း (၃ဝ) အတွင်း၊လစဉ်ပေးသွင်းလျှင် ပေးသွင်းရမည့် ရက်စေ့ရောက်ပြီးအပို (၁၅) ရက်အတွင်း ပေးသွင်းနိုင်သည်။
  အဆိုပါကုန်ဆုံးရက်များသည် အစိုးရရုံးပိတ်ရက် (သို့မဟုတ်) ဘဏ်ပိတ်ရက်ဖြစ်ပါက အစိုးရရုံး (သို့မဟုတ်)
  ဘဏ်ဖွင့်သောပထမရက်တွင်ပရီမီယံကိုပေးသွင်းရမည်။ အပိုရက်များအတွင်းအသက်အာမခံထားသူကွယ်လွန်ခဲ့သော
  ထိုပေါ်လစီနှစအတွင်း ပေးရန်ကျန်ရှိသောပရီမီယံအရစ်ကျငွေများကိုလျော်ကြေးမှ နှုတ်ယူမည်။
ပျက်သည့်ပေါ်လစီပြန်လည်တည်မြဲရေး
၂။ အပိုရက်များအတွင်းပရီမီယံမပေးသွင်းခဲ့သော် ပေါ်လစီပျက်သည်။ ပျက်သည့်ပေါ်လစီကို ပြန်လည်တည်မြဲနိုင်ရနအာမခံ စသောနေ့မှ  
  (၃) နှစ် တစ်ဆက်တည်းပရီမီယံမပေးသွင်းရသေးသည့် တစ်ဆက်တည်းပရီမီယံမပေးသွင်းရသေးသည့်ပေါ်လစီကို
  ပရီမီယံပေးသွင်းရမည့်ရက်မှ (၁၂) လ အတွင်း သော် လည်းကောင်း၊ (၃) နှစ်အတွက် ပရီမီယံပေးသွင်းပြီးသောပေါ်လစီကို
  (၂၄) လအတွင်းသော်လည်းကောင်းတည်မြဲစေရန် အောက်ပါ အတိုင်းဆောင်ရွက်ရမည်။
  (က) (၁၂) လအတွင်း ပြန်လည်တည်မြဲမည်ဆိုလျှင် မိမိကိုယ်တိုင်ကျန်းမာကြောင်းခံဝန်ချက်နှင့်တကွ ပေးသွင်း ရမည့်
    ပရီမီယံစုစုပေါင်းနှင့် တစ်နှစ်လျှင် ၆.၂၅ ရာခိုင်နှုန်းအတိုးကိုပါပေးသွင်းရမည်။
  (ခ) (၂၄) လအတွင်း ပြန်လည်တည်မြဲမည်ဆိုလျှင် မိမိစရိတ်ဖြင့် ဆေးစစ်ခံပြီးအသက်အာမခံဆက်လက်ထားရှိရန
    ဆေး စစ် အောင်မြင်ပါကပေးသွင်းရမည့် ပရီမီယံစုစုပေါင်းနှင့် တစ်နှစ်လျှင်၆.၂၅ ရာခိုင်နှုန်းအတိုးကိုပါပေးသွင်းရမည်။
အမ်းငွေရသင့်တန်ဖိုး
၃။ သက်တမ်း (၅) နှစ်မှ (၁၂) နှစ်အထိပေါ်လစီများအတွက် (၂) နှစ်သက်တမ်း၊ (၁၃) နှစ်နှင့်အထက် ပေါ်လစီများအတွက် 
  (၃) နှစ်တစ်ဆက်တည်းပရီမီယံပေးသွင်းပြီးပါကအမ်းငွေရသင့်တန်ဖိုးရရှိနိုင်သည်။ ထိုတန်ဖိုးသည် ဇယား(၁) ပေါ်လစီများအတွက
  ပထမနှစ်ပရီမီယံကိုနှုတ်၍ ကျန်ပေးသွင်းပြီးပရီမီယံများ၏အနည်းဆုံးရာခိုင်နှုန်း(၃ဝ) ဖြစ်သည်။ ဇယား (၈) ပေါ်လစီများအတွက် ပေးသွင်းပြီးပရီမီယံများ၏
  ရာခိုင်နှုန်း (၈ဝ) ဖြစ်သည်။ ဇယား (၈) ဖြင့် အသက်အာမခံထာရှိသောပြည်သူ့ဝန်ထမ်းတစ်ဦးသညပြည်သူ့ဝန်ထမ်းမဟုတ်တော့သည့်အခါမှသာ
  အမ်းငွေရသင့်တန်ဖိုးကိုထုတ်ယူနိုင်သည်။ ပရီမီယံကိုတစ်နှစ်တစ်ကြိမ်ပေးသွင်းခြင်းမဟုတ်လျှင
  တစ်နှစ်အတွက် ပေးသွင်းရမည့်ပရီမီယံကိုဖြည့်၍ ပေးသွင်းနိုင်သည်။
စာရင်းပိတ်ပေါ်လစီတန်ဖိုး
၎။ သက်တမ်း (၅) နှစ်မှ (၁၂) နှစ်အထိပေါ်လစီများအတွက် (၂) နှစ်၊ သက်တမ်း(၁၃) နှစ်နှင့် အထက်ပေါ်လစီများအတွက
  (၃) နှစ် တစ်ဆက်တည်းပရီမီယံပေးသွင်းပြီးပါကစာရင်းပိတ်ပေါ်လစီအဖြစ်ပြောင်းလဲနိုင်သည်။ စာရင်း ပိတ် ပေါ်လစီတန်ဖိုးမှာ
  မူလအာမခံထားငွေကိုပရီမီယံပေးသွင်းပြီးသောနှစ်နှင့် ပေါ်လစီသက်တမ်းတို့၏ အချိုးကျတွက်ချက် ရရှိသောတန်ဖိုးဖြစ်သည်။
  ဇယား  (၈) ဖြင့် အသက်အာမခံထားရှိသော ပြည်သူ့ဝန်ထမ်းတစ်ဦးသည် ပြည်သူ့ဝန်ထမ်း မဟုတ်တော့သည့်အခါမှသာ
  စာရင်းပိတ် ပေါ်လစီအဖြစ်ပြောင်းလဲနိုင်သည်။  စာရင်းပိတ်တန်ဖိုးကို နှစ်စေ့သောအခါတွင် အာမခံထားသူသို့လည်းကောင်း၊
  နှစ်မစေ့မီ အာမခံထားသူကွယ်လွန်လျှင် အကျိုးခံစားခွင့်လွှဲပြောင်းခံရသူကို လည်းကောင်း ထုတ်ပေးမည်။
အလိုအလျောက်ပေါ်လစီတည်မြဲစေခြင်း
၅။   အမ်းငွေရသင့်တန်ဖိုးရရှိနိုင်သောပေါ်လစီအတွက်ပရီမီယံပေးသွင်းခြင်းပျက်ကွက်သော်လည်းပေါ်လစီမပျက်ပါ။ ပေးသွင်းရန်ကျန်ရှိသည့်ပရီမီယံများ၊
  အတိုးနှင့်အခြားပေးဆပ်ရန်ငွေများကိုနှုတ်ပြီးနောက်ကျန်သောအမ်းငွေရသင့်တန်ဖိုးမှပေးသွင်းရန်ကျန်ရှိနေသည့်ပရီမီယံကြွေးများအား
  အရစ်ကျအတိုင်းနှုတ်ယူပြီးပေါ်လစီကိုအလိုလျောက်ဆက်လက်တည်မြဲစေမည်။ အဆိုပါနှုတ်ယူသောငွေကိုအာမခံထားသူကတစ်နှစ်လျှင်
  ၆.၂၅ ရာခိုင်နှုန်းအတိုးပေးရမည်။
    ဤနည်းဖြင့် တည်မြဲစေသည့်ပေါ်လစီကိုမိမိကိုယ်တိုင်ကျန်းမာကြောင်းခံဝန်ချက်မတင်ပြဘဲတင်ရှိသောပရီမီယံကြွေးများကိုအတိုးနှင့်ပေးဆပ်ခြင်း
  ဖြင့်လည်းကောင်း၊ တင်ရှိသောပရီမီယံကြွေးကိုမဆပ်သေးဘဲပရီမီယံကိုဆက်လက်၍ ပေးသွင်းသွားခြင်းဖြင့်လည်းကောင်း၊ ပေါ်လစီကို ဆက်လက်တည်မြဲစေနိုင်သည်။
  ပရီမီယံကြွေးကိုတစ်ကြိမ်တည်းသို့မဟုတ် အရစ်ကျဖြင့် အတိုးနှင့်တကွ ပေးဆပ်နိုင်သည်။  ပရီမီယံကြွေးပေးဆပ်မည့်အချိန်သည် ပရီမီယံပေးသွင်းသောအချိန်အတိုင်း
  သို့မဟုတ် ဤကုမ္ပဏီကသဘောတူသော အချိန်အတိုင်းဖြစ်ရမည်။
    ဤကဲ့သို့ အလိုအလျောက် ပေါ်လစီတည်မြဲနေသောကာလအတွင်းအာမခံထားသူကွယ်လွန်ခဲ့သော်တင်ရှိနေသောပရီမီယံ ကြွေးများ၊
  တစ်နှစ်လျှင် ၆.၂၅ ရာခိုင်နှုန်းဖြင့် ကျသင့်အတိုးနှင့်အခြားပေးဆပ်ရန်ငွေများကို နှုတ်ယူပြီးလျှငကျန်အာမခံထားငွေကို ထုတ်ပေးမည်။
  ယင်းပေးဆပ်ရန်ငွေစုစုပေါင်းသည်ထိုအချိန်တွင်ရရှိနိုင်သောအမ်းငွေရသင့်တန်ဖိုးထက်ပိုနေလျှင်ပေါ်လစီပျက်သဖြင့် အာမခံထားငွေမရရှိနိုင်ပါ။
  သို့ရာတွင် ထိုအချိန်၌ ရရှိနိုင်သောစာရင်းပိတ်တန်ဖိုးမှ ပေးဆပ်ရန်ငွေ စုစုပေါင်းကိုနှုတ်၍ ကျန်ငွေကိုထုတ်ပေးမည်။
  ပရီမီယံကိုအလီလီပေးသွင်းခြင်းဖြင့်ရသင့်သောအမ်းငွေရသင့်တန်ဖိုးကုန်သွားပါကပေါ်လစီပျက်သည်။ ပျက်သည့်ပေါ်လစီကိုစည်းမျဉ်း (၂) အရ
  ပြန်လည်တည်မြဲရန်မပြုလုပ်ပါကဤပေါ်လစီပါ မည်သည့်အခွင့်အရေးကိုမှ မရရှိနိုင်ပါ။
ကျန်ရှိနေသောပရီမီယံမပေးသွင်းဘဲပေါ်လစီကိုတဖန်ပြန်လည်တည်မြဲစေခြင်း
၆။ ပရီမီယံပေးသွင်းသည့်ရက်မှ(၆) လထက်မနည်း(၂) နှစ်ထက်မပိုသောကာလအတွက်ပရီမီယံ မပေးသွင်းခြင်းကြောင့် ပေါ်လစီပျက်နေသည့်အချိန်တွင်အာမခံထားသူက
  မိမိစရိတ်ဖြင့်ဆေးစစ်ခံပြီးအသက်အာမခံဆက်လက်ထားရှိရန်ဆေးစစ်အောင်မြင်ပါက ထိုအချိန်၌ပြည့်သောအသက်အတွက်
  ဇယားအတိုင်းကျသင့်ပရီမီယံကိုအာမခံထားသူကပေးသွင်း၍ ပေါ်လစီပျက်နေသည့် ကာလ နှင့်အမျှ နှစ်စေ့မည့်ရက်ကိုရှေ့သို့တိုးမြှင့်ပြီးလျှင
  မူလပေါ်လစီပါ စည်းကမ်းချက်များအတိုင်း ပေါ်လစီ ကိုတဖန်ပြန်လည်တည်မြဲစေနိုင်သည်။ သက်တမ်း (၁ဝ) နှစ် သို့မဟုတ် (၁ဝ) နှစ်ထက်နည်းသောပေါ်လစီများနှင့်
  ဇယား (၈) ပြည်သူ့ဝန်ထမ်းပေါ်လစီများသည်တဖန်ပြန်လည်တည်မြဲစေသည့် အခွင့်အရေးမရှိပါ။
  ပေါ်လစီသက်တမ်းတစ်လျှောက်လုံးတွင် ဤအခွင့်အရေးကိုတစ်ကြိမ်တည်းသာအသုံးပြုခွင့်ရှိသည်။
ငွေချေးခြင်း
၇။ အာမခံထားသူသည် ငွေချေးလိုပါကငွေချေးယူသည့်အချိန်တွင် အမ်းငွေရသင့်တန်ဖိုး၏ (၉၅) ရာခိုင်နှုန်းအထိငွေထုတ် ချေးမည်။
  ထိုချေးငွေပေါ်တွင် တစ်နှစ်လျှင် ၆.၂၅ ရာခိုင်နှုန်းအတိုးပေးရမည်။ ချေးငွေသည် ကျပ် ၅ဝဝ/-ထက်မနည်းရပါ။
  ငွေတစ်ကြိမ်ချေးလျှင် ချေးခ  ၅/- ကျပ်ပေးရမည်။
ထာဝစဉ် မစွမ်းမသန်ဖြစ်ခြင်း
၈။   အာမခံထားသူသည်အသက်(၆ဝ)နှစ်မပြည့်မီပေါ်လစီတည်မြဲနေစဉ်အတွင်းရုတ်တရက်ထိခိုက်ခြင်းကြောင့်လည်းကောင်း၊ ရောဂါကြောင့်လည်းကောင်း၊
  ထာဝစဉ်မစွမ်းမသန်ဖြစ်၍ဝင်ငွေရရှိသောအလုပ်အကိုင်ကိုလုံးဝမလုပ်ကိုင်နိုင်လျှင်ဤကုမ္ပဏီကရွေးချယ်ပေးသောဆရာဝန်နှစ်ဦး၏
  ဆေးစစ်ထောက်ခံချက်အရထာဝစဉ်မစွမ်းမသန်ဖြစ်မှုရာခိုင်နှုန်းအပေါ်အခြေခံ၍အာမခံထားငွေကိုအချိုးကျခံစားခွင့်ပြုမည်။ သို့ရာတွင်
  သေရည်သေရက်သောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ဘေးအန္တရာယ်ဖြစ်စေတတ်သောဆေးကိုမှီဝဲခြင်း၊ကာလသားရောဂါကြောင့်ဖြစ်ခြင်း၊
  ကြိုတင်ရည်ရွယ်ချက်ဖြင့်မိမိကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် ထာဝစဉ်မစွမ်းမသန်ဖြစ်ခြင်းများအတွက် ဤအကျိုးခံစားခွင့်မရရှိနိုင်ပါ။
    ထာဝစဉ်မစွမ်းမသန်မှုဖြစ်ပေါ်လျှင် ဖြစ်ပေါ်သည့်အကြောင်းကိုဤကုမ္ပဏီသို့ ချက်ချင်းအကြောင်းကြားရမည်။ ထာဝစဉ် မစွမ်းမသန်သူဖြစ်သည်ဟ
  ဤကုမ္ပဏီကသတ်မှတ်သည့်ရက်မှစ၍အသက်အာမခံထားသူကပရီမီယံဆက်လက်ပေးသွင်းရန်မလိုပါ။
    ကျန်းမာရေးကိုအကြောင်းပြု၍သော်လည်းကောင်း၊ အလုပ်အကိုင်ကိုအကြောင်းပြု၍သော်လည်းကောင်းအပိုပရီမီယံပေးထားရသောပေါ်လစီများသည်
  ဤအကျိုးခံစားခွင့်ကိုမရရှိနိုင်ပါ။
လေကြောင်းအန္တရာယ်
၉။ သာမန်ပရီမီယံနှုန်းထားဖြင့် အသက်အာမခံထားသူသည် လေကြောင်းဆိုင်ရာဘေးအန္တရာယ်ရှိသည့် အလုပ်အကိုင်ကို လုပ်ကိုင်မည်ဆိုလျှင်
  အပိုပရီမီယံပေးဆောင်ရမည်။အပိုပရီမီယံမပေးဆောင်ဘဲအဆိုပါအလုပ်အကိုင်ကို လုပ်ကိုင်နေစဉ်လေကြောင်းဆိုင်ရာ အန္တရာယ်များကြောင့်
  အာမခံထားသူကွယ်လွန်ခဲ့သော် ကျသင့်အပိုပရီမီယံနှင့်အတူထိုအပိုပရီမီယံအပေါ်တွင် တစ်နှစ်လျှင် ၆.၂၅ ရာခိုင်နှုန်းဖြင့် အတိုးငွေကိုအာမခံထားငွေမှ နှုတ်ယူပြီး
  ကျန်ငွေကိုသာထုတ်ပေးမည်။
ကြည်းတပ်နှင့်ရေတပ်အာမခံ
၁၀။ သာမန်ပရီမီယံနှုန်းထားဖြင့် အသက်အာမခံထားသူသည် ကြည်းတပ် (သို့မဟုတ်) ရေတပ်ဆိုင်ရာအလုပ်အကိုင် လုပ်ကိုင်မည်ဆိုလျှင် အပိုပရီမီယံပေးဆောင်ရမည်။
  အပိုပရီမီယံမပေးဆောင်ဘဲအဆိုပါအလုပ်အကိုင်ကိုလုပ်ကိုင်နေစဉ် ကြည်းတပ် (သို့မဟုတ်) ရေတပ်ဆိုင်ရာအလုပ်အကိုင်အန္တရာယ်များကြောင့်
  အာမခံထားသူကွယ်လွန်ခဲ့သော် ကျသင့်အပိုပရီမီယံနှင့်အတူထိုအပိုပရီမီယံအပေါ်တွင်တစ်နှစ်လျှင် ၆.၂၅ ရာခိုင်နှုန်းဖြင့်
  အတိုးငွေကိုအာမခံထားငွေမှနှုတ်ယူပြီးကျန်ငွေကိုသာထုတ်ပေးမည်။
ဘေးအန္တရာယ်များသောအလုပ်အကိုင်
၁၁။ အသက်အာမခံထားသူသည် လက်ရှိအလုပ်အကိုင်မှ အခြားအလုပ်အကိုင်တစ်ခုခုသို့ ပြောင်းလွှဲလုပ်ကိုက်မည်ဆိုလျှင် ဤကုမ္ပဏီသို့အကြောင်းကြားရမည်။
  ပြောင်းလွှဲလုပ်ကိုင်သောအလုပ်အကိုင်သည်ဘေးအန္တရာယ်များသည့်အလုပ်အကိုင်မျိုးဖြစ်လျှင်အပိုပရီမီယံပေးဆောင်ရမည်။ အပိုပရီမီယံမပေးဆောင်ဘ
  အဆိုပါအလုပ်အကိုင်မျိုးကိုလုပ်ကိုင်နေစဉ်အာမခံထားသူကွယ်လွန်ခဲ့ သော် ကျသင့်အပိုပရီမီယံနှင့်အတူထိုအပိုပရီမီယံအပေါ်တွင်တစ်နှစ်လျှင် ၆.၂၅ ရာခိုင်နှုန်းဖြင့်
  ရာခိုင်နှုန်းဖြင့်အတိုးငွေကိုအာမခံထားငွေမှ နှုတ်ယူပြီးကျန်ငွေကိုသာထုတ်ပေးမည်။
ကိုယ့်အသက်ကိုကိုယ်သတ်သေခြင်း
၁၂။ အသက်အာမခံစသည့်နေ့မှတစ်နှစ်ကျော်ပြီးနောက်ပေါ်လစီတည်မြဲနေသောမည်သည့်အချိန်အခါတွင်မဆိုအသက်အာမခံထားသူသည်မိမိကိုယ်ကိုသတ်သေခြင်းကြောင့်
  ပေါ်လစီမပျက်ပါ။ အာမခံစသောနေ့မှတစ်နှစ်အတွင်းအာမခံထားသူသည် မိမိကိုယ်ကိုသတ်သေလျှင် အကျိုးခံစားခွင့်ရှိသူများသည် ဤပေါ်လစီ၏အကျိုးကိုခံစားခွင့် လုံးဝမရှိပါ။