FNI က (၁၃) ကြိမ်မြောက်ပန်းပွဲတော်တွင် အတူပူးပေါင်းပါဝင်ခဲ့

FNI (ပထမအမျိုးသားအာမခံ) က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၅ ရက်မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၅ ရက်အထိ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ကျင်းပမည့် (၁၃) ကြိမ်မြောက် ပန်းပွဲတော်တွင် အတူပူးပေါင်းပါဝင်ခဲ့ပါသည်။

(၁၃) ကြိမ်မြောက်ပန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၁၅) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီတွင် ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးဥယျာဉ်၌ ကျင်းပပြုလုပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဌ ဒေါက်တာခင်မောင်ဌေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးမျိုးသစ်နှင့် လွှတ်တော်အမတ်များ၊ Htoo Group of Companies မှ အုပ်ချုပ်မှုဒါရိုက်တာနှင့် အကြံပေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ရပ်နီးရပ်ဝေးမှ ပန်းပွဲတော်လာ ဧည့်သည်များဖြင့် စည်ကားမြိုင်ဆိုင်စွာ ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါပန်းပွဲတော်တွင် ပန်းပညာရှင်များ၏ ပန်းဒီဇိုင်းအလှပြသမှုများ၊ သစ်ခွအလှပြိုင်ပွဲ၊ ပြည်တွင်းနှင့် နိုင်ငံခြားမှပန်းအလှမျိုးစိတ်များ၊ မြို့မသံစုံတီးဝိုင်းဖျော်ဖြေမှုများ၊ နိုင်ငံကျော်တေးသံရှင်များ၏ ဂီတဖျော်ဖြေပွဲများဖြင့် စည်ကားမြိုင်ဆိုင်စွာ ကျင်းပသွားမည်ဖြစ်ပြီး FNI အနေဖြင့်လည်း ပန်းပွဲတော်ကျင်းပသည့်ရက်များအတွင်း မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ အတူရှိနေမည်ဖြစ်ပါသည်။

ပန်းပွဲတော်သို့ လာရောက်ကြမည့် ရပ်နီးရပ်ဝေးမှ မိတ်ဟောင်းမိတ်သစ် ဧည့်သည်တော်များအတွက် မိမိတို့၏ တန်ဖိုးရှိအရာများကို အာမခံအကာအကွယ်များဖြင့် စိတ်အေးချမ်းသာစွာ ကာကွယ်နိုင်ရန် FNI Booth တွင် အာမခံဝန်ဆောင်မှုများကို One-Stop Service ဖြင့် ဝန်ဆောင်မှုပေးမည့်အပြင် အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းနှင့် ပျော်ရွှင်စရာကံစမ်းမဲအစီအစဉ်များဖြင့် ပန်းပွဲတော်ဖွင့်ပွဲရက်မှစတင်၍ စည်ကားမြိုင်ဆိုင်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။

(၁၃) ကြိမ်မြောက် ပန်းပွဲတော်တွင် FNI အနေဖြင့် ယခုလိုပွဲများမှတစ်ဆင့် ပြည်သူလူထုကို အာမခံအကြောင်း အသိပညာများ ဝေမျှပေးနိုင်ရန်၊ အာမခံဖြင့် အကာအကွယ်ပြုနိုင်မည့်အကြောင်း ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ အတူပူးပေါင်းပါဝင်ခဲ့ရခြင်းအတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

သောကကင်းဝေးစိတ်အေးစေနိုင် FNI