FNI က ပဉ္စမအကြိမ်မြောက် နိုင်ငံတကာခရီးသွားပြပွဲ (၂၀၁၉) တွင် Gold Sponsor အဖြစ် ပူးပေါင်းပါဝင်ခဲ့

FNI (ပထမအမျိုးသားအာမခံ) က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ ကျင်းပသည့် ပဉ္စမအကြိမ်မြောက် နိုင်ငံတကာခရီးသွားပြပွဲ (၂၀၁၉) တွင် Gold Sponsor အဖြစ် ပူးပေါင်းပါဝင်ခဲ့ပါသည်။

ပဉ္စမအကြိမ်မြောက် နိုင်ငံတကာခရီးသွားပြပွဲ (၂၀၁၉) ကို အဆိုပါနေ့မနက် (၉း၀၀) နာရီတွင် ချင်းရိုးရာအကဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ချင်းဝန်ကြီးချုပ်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

နိုင်ငံတကာခရီးသွားပြပွဲ (၂၀၁၉) တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က အမှာစကားပြောကြားခဲ့သည်။  ဆက်လက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ပွဲကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။

နိုင်ငံတကာခရီးသွားပြပွဲ (၂၀၁၉) တွင် ခရီးသွားလုပ်ငန်းရှင်များ၏ Talk Show များ၊ ချင်းအကအလှဖျော်ဖြေခြင်းများ၊ အာမခံနှင့် ဘဏ်ပြခန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနပြခန်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာပြခန်းများ၊ Travels & Tours ပြခန်းများ၊ တိုင်းရင်းသားရိုးရာပြခန်းများ၊ ဟိုတယ်ပြခန်းများ၊ အဝတ်အထည်၊ လူသုံးကုန်နှင့် စားသောက်ကုန်ပြခန်းများ၊ ကုမ္ပဏီပြခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ Lucky Draw ကံစမ်းမဲဖောက်ပေးခြင်းများဖြင့် စည်ကားမြိုင်ဆိုင်စွာ နံနက် (၉း၀၀) နာရီမှ (၅း၀၀) နာရီအထိ (၂) ရက်တိုင်ကျင်းပခဲ့ခြင်းဖြစ်ပြီး FNI အနေဖြင့် ပြပွဲသို့လာရောက်ကြသော ဧည့်သည်တော်များကို အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းနှင့် အမှတ်တရလက်ဆောင်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါနိုင်ငံတကာခရီးသွားပြပွဲ (၂၀၁၉) သည် ခရီးသွားလုပ်ငန်းကို နိုင်ငံတော်၏ ဦးစားပေးစီးပွားရေးမူဝါဒတွင်ပါဝင်ရန်၊ ခရီးသွားလုပ်ငန်းကဏ္ဍ၏ အရေးပါမှုကိုပေါ်လွင်ရန်၊ မြန်မာနိုင်ငံ၏ပုံရိပ်ကိုပိုမိုမြှင့်တင်နိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရန်၊ နိုင်ငံတော်ရှိတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများ၊ သဘာဝပတ်ဝန်းကျင်များကိုထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခရီးသွားလုပ်ငန်းမှ ရရှိလာမည့် အခွင့်အလမ်းများကို ပြည်သူများမျှဝေခံစားနိုင်ကြရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး FNI အနေဖြင့် ယခုလို Gold Sponsor အဖြစ် ပါဝင်ခဲ့ရခြင်းအတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

သောကကင်းဝေးစိတ်အေးစေနိုင် FNI